မင်္ဂလာပါ ခင်ဗျာ
🙏🙏🙏
မိဘဂုဏ်ရောင် တံဆိပ် ရွှေဘိုပေါ်ဆန်းမွှေးကို အစဉ်တဆိုက် ဝယ်သူ စားသုံးကြသည့် မိတ်ဟောင်း မိတ်သစ် များ ခင်ဗျာ..................
ကျနော်များ ဆန်ဈေးနုံးများ အဆမတန် တတ်နေပါသော်လည်း စားသုံးသူကို မျက်နှာမူ၍ အတတ်နိုင်ဆုံး ဈေးနုံး သက်သာစွာ ဝန်ဆောင်မှု့ ပေးခဲ့ပါသည်။
ယခုလက်ရှိ ဈေးနုံးများကို တင်ပြလိုက်ရပါတယ်ခင်ဗျာ
#WePromiseTheGoods
#MibaGoneYoung
#Tachileik
09250779944 , 09257256893
အသိ၊အတတ်၊ပညာ
အသိ၊ အတတ်၊ ပညာ (Knowledge, Art, Wisdom) (တက်တိုး) လွန်ခဲ့သည့် အနှစ်နှစ် ထောင်ကျော်က ဂရိတ် ပညာရှိကြီး အရစ္စတိုတယ် (Aristotle) က `လူသည် သဘာဝ အားဖြင့် သိလိုသော ဆန္ဒ ရှိသည်´ ဟု ဆိုဖူးသည်။ လူသည် အရာရာ၌ သိချင်၊ တတ်ချင်စိတ် ရှိသောသတ္တ၀ါ ဖြစ်သည်။ ထိုစိတ်ကြောင့် လည်း သိလာ တတ်လာသည်။ ထိုသို့ သိလာ တတ်လာ သောကြောင့်ပင် လူ၏ နေထိုင်မှု အခြေအနေသည် တိုးတက်လာခဲ့ သည်။ သိချင်သည့် အလျောက် စုံစမ်း လေ့လာ စေ့ငု သောကြောင့် `အသိ´ ကို ရရှိ လာသည်။ အသိ ရှိလာ သောကြောင့် `အတတ်´ကို ရရှိ လာသည် အသိ၊ အတတ် တို့ကြောင့် `ပညာ´ သည် ပေါ်ထွန်း လာလေသည်။ ယခု အခါ၌မူ အသိ ကိုလည်း ပညာဟု ခေါ်ကြသည်။ `ပညာ ဗဟုသုတ´ ဟု ဆိုကြသည်။ အတတ်ကိုလည်း ပညာဟု ခေါ်ကြသည်။ `အတတ်ပညာ´ဟု ဆိုကြသည်။ အသိနှင့် အတတ် တို့သည် ပညာ ပေါ်ထွန်းရာ၌ အထောက် အပံ့ ပြုသည် မှန်၏။ သို့သော် အသိချည်း ပညာ မဟုတ်သေး။ အတတ် ချည်း ပညာမဟုတ်သေး။ အသိနှင့် အတတ် ပေါင်းစပ်ပြီး နောက် ထို ပေါင်းစပ်ချက်ကို အခြေပြု၍ တွေးခေါ် မြော်မြင်ခြင်း၊ ဆင်ခြင် သုံးသပ်ခြင်း တို့ကို ပြုပြီးမှ ရရှိသော အဆီ အနှစ်သည် သာလျှင် `ပညာ´ ဖြစ်၏။ `ပညာ ဟူသော်ကား အပြစ်၊ အကျိုး ခွဲခြမ်း နိုင်ခြင်း ဥာဏ်တည်း´ ဟု ရှင်မဟာ သီလ...

Comments
Post a Comment